Things to consider before Buying Helmets

Cute, German -

Things to consider before Buying Helmets

ကျွန်တော်တို့ Gliders မှ Sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆိုင်ကယ်စီးဦးထုပ်တစ်လုံးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ ဆိုတာပဲဖြစ်ပါတယ် ။

မိမိစီးနေတဲ့ ဆိုင်ကယ်တွေနဲ့ လိုက်ဖက်တဲ့ ဆိုင်ကယ်ဦးထုပ်တွေကို ရှာဖွေဝယ်ယူရတာကလွယ်ကူပါတယ် ။

ဥပမာ -

DT တို့လို Dirt Bike တွေအတွက် ဦးထုပ်ဆို full face ကိုမှ လျှာထိုးလေးနဲ့ ခပ်ရှည်ရှည်ပုံစံလေးဆိုလိုက်ဖက်ပြီ။

R1 တို့ CBR တို့လို SportBike တွေအတွက်ဆိုလည်း ဘဲဥပုံ full face ၊ လေခွင်းအားကောင်းမယ့် Aerodynamic structure တည်ဆောက်ထားတဲ့ ဦးထုပ်တွေကအကောင်းဆုံးပါပဲ ။

Harley တို့ Royal Enfield တို့လို Cruiser နဲ့ Chopper တွေအတွက်ဆိုရင်တော့ WWII စတိုင်လ်ဦးထုပ်တွေက အလိုက်ဖက်ဆုံးဖြစ်ပါတယ် ။

ကိုယ့်ဆိုင်ကယ်နဲ့လိုက်ဖက်တဲ့ ဦးထုပ်ကိုရှာရတာလွယ်လွယ်လေးဆိုတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဦးထုပ်ဘယ်လိုရွေးမလဲ ?

ဒီနေရာမှာ ပြောစရာ (4) ချက်ရှိပါတယ် …

1. အရွယ်အစား (Size)

ဆိုင်ကယ်ဦးထုပ်ဆိုတာ ကိုယ်ဆိုင်ကယ်စီးတိုင်း ဆောင်းထားရမယ့်ဦးထုပ်ပါ ။ ဒီလိုုဆိုတော့ သက်တောင့်သက်သာရှိနေဖို့လိုတာပေါ့ ၊ ဒါ့ကြောင့် ဦးထုပ်ဝယ်တဲ့အချိန်မှာ ကိုယ့်ရဲ့ဦးခေါင်းနဲ့ အလိုက်ဖက်ဆုံး၊ သက်တောင့်သက်သာအရှိဆုံး ဦးထုပ်ကိုရွေးချယ်ဝယ်ယူသင့်ပါတယ် ။

2. ပုံသဏ္ဌာန် (Shape)

သင့်အနေနဲ့ သက်တောင့်သက်သာရှိဖို့အပြင် ဦးခေါင်းနဲ့လိုက်ဖက်ဖို့လည်းလိုပါသေးတယ် ။ ကိုယ့်ဦးခေါင်းရဲ့ပုံသဏ္ဌာန်ပေါ်မူတည်ပြီး Full face ရွေးမလား ၊ open face ရွေးမလား
အပုလား အရှည်လား စသည်ဖြင့် လိုက်ဖက်တဲ့ ဦးထုပ်တစ်လုံးကိုရွေးချယ်သင့်ပါတယ် ။

3. ဖွဲ့စည်းတည်ဆောက်ပုံ (Structure)

ဦးထုပ်တစ်လုံးရဲ့ဖွဲ့စည်းတည်ဆောက်ပုံဆိုတာကတော့ လေဝင်လေထွက်စနစ်၊နှစ်ထပ်မှန်၊spoiler စသည့်စနစ်များပါဝင်ခြင်း၊ မပါဝင်ခြင်းတို့ကိုဆိုလိုတာပါ ။ ဥပမာ - သင်က ဆိုင်ကယ်စီးပြီး ခရီးရှည်သွားလေ့ရှိသူဆိုရင် သင့်ဦးထုပ်မှာ လေဝင်လေထွက်စနစ်ပါဝင်ဖို့လိုအပ်ပြီး ဒါမှလည်း အချိန်ကြတာနဲ့အမျှခေါင်းချွေးထွက်ခြင်း၊ပူအိုက်ပြီးမူဝေခြင်းတို့ကိုကာကွယ်နိုင်မှာပါ ။ နောက်ပြီး သင်ဟာမျက်မှန်သမားဖြစ်ပြီး Full Face ဦးထုပ်ဆောင်းချင်တယ်ဆိုရင် မျက်မှန်တပ်ဖို့အတွက် space လိုအပ်မှာဖြစ်ပြီး နှစ်ထပ်မှန်တွေနဲ့အဆင်ပြေမှာမဟုတ်ပါဘူး ။

4. အရည်အသွေး အသိအမှတ်ပြုလက်မှတ်

ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းရတဲ့ အဓိကရည်ရွယ်ချက်က ဘေးအန္တရာယ်ကာကွယ်အရေးအတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဆောင်းမယ့်ဦးထုပ်က ဘယ်လောက်ထိအကြမ်းခံပြီး ဘယ်လောက်ထိ ကိုယ့်ကိုကာကွယ်ပေးနိုင်မလဲဆိုတာ သိဖို့လိုပါတယ်။ ဒီလိုသိဖို့ဆိုရင်တော့ ဒီဦးထုပ်တွေရဲ့ နိုင်ငံတကာ ဒါမှမဟုတ် ပြည်တွင်းအသိအမှတ်ပြုလက်မှတ်တွေ ကိုကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ် ။ ဒါမှလည်း ကိုယ့်ကို ကာကွယ်ပေးမယ့်ဦးထုပ်တစ်လုံးကို အကောင်းဆုံးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ် ။

ဒီလောက်ဆို ကိုယ်နဲ့လိုက်ဖက်မယ့် ဆိုင်ကယ်စီးဦးထုပ်တစ်လုံးဝယ်ဖို့ စဉ်းစားဆုံးဖြတ်နိုင်မယ့်အချက်အလက်တွေသိလောက်ပြီလို့ထင်ပါတယ် ။ သင်ဟာ ဆိုင်ကယ်ခရေဇီတစ်ယောက် ဒါမှမဟုတ် ဆိုင်ကယ်ဦးထုပ်တွေကိုအလေးပေးပြီး အသုံးပြုနေသူတစ်ယောက်ဆိုရင်တော့ ယခုုလို ဗဟုသုတရဖွယ်အကြောင်းအရာတွေကို ဆက်လက်ဖတ်ရှု့ဖို့ Gliders ကို like လုပ်ထားလိုက်ပါ ။

 

 

Zaw Gyi 

 

ကၽြန္ေတာ္တုိ႔ Gliders မွ Sharing လုပ္ေပးမယ့္အေၾကာင္းအရာေလးကေတာ့ ကုိယ္နဲ႔လုိက္ဖက္တဲ့ ဆုိင္ကယ္စီးဦးထုပ္တစ္လံုးကို ဘယ္လိုေရြးခ်ယ္ဝယ္ယူရမလဲ ဆိုတာပဲျဖစ္ပါတယ္ ။

မိမိစီးေနတဲ့ ဆုိင္ကယ္ေတြနဲ႔ လိုက္ဖက္တဲ့ ဆုိင္ကယ္ဦးထုပ္ေတြကို ရွာေဖြ၀ယ္ယူရတာကလြယ္ကူပါတယ္ ။

ဥပမာ -

DT တို႔လို Dirt Bike ေတြအတြက္ ဦးထုပ္ဆုိ full face ကိုမွ လွ်ာထုိးေလးနဲ႔ ခပ္ရွည္ရွည္ပံုစံေလးဆိုလိုက္ဖက္ၿပီ။

R1 တို႔ CBR တို႔လို SportBike ေတြအတြက္ဆိုလည္း ဘဲဥပံု full face ၊ ေလခြင္းအားေကာင္းမယ့္ Aerodynamic structure တည္ေဆာက္ထားတဲ့ ဦးထုပ္ေတြကအေကာင္းဆံုးပါပဲ ။

Harley တုိ႔ Royal Enfield တုိ႔လို Cruiser နဲ႔ Chopper ေတြအတြက္ဆုိရင္ေတာ့ WWII စတုိင္လ္ဦးထုပ္ေတြက အလိုက္ဖက္ဆံုးျဖစ္ပါတယ္ ။

ကိုယ့္ဆုိင္ကယ္နဲ႔လိုက္ဖက္တဲ့ ဦးထုပ္ကိုရွာရတာလြယ္လြယ္ေလးဆုိေတာ့ ကိုယ္နဲ႔လိုက္ဖက္တဲ့ ဦးထုပ္ဘယ္လိုေရြးမလဲ ?

ဒီေနရာမွာ ေျပာစရာ (4) ခ်က္ရွိပါတယ္ …

1. အရြယ္အစား (Size)

ဆုိင္ကယ္ဦးထုပ္ဆုိတာ ကိုယ္ဆုိင္ကယ္စီးတုိင္း ေဆာင္းထားရမယ့္ဦးထုပ္ပါ ။ ဒီလိုုဆုိေတာ့ သက္ေတာင့္သက္သာရွိေနဖုိ႔လိုတာေပါ့ ၊ ဒါ့ေၾကာင့္ ဦးထုပ္၀ယ္တဲ့အခ်ိန္မွာ ကုိယ့္ရဲ႕ဦးေခါင္းနဲ႔ အလိုက္ဖက္ဆံုး၊ သက္ေတာင့္သက္သာအရွိဆံုး ဦးထုပ္ကိုေရြးခ်ယ္၀ယ္ယူသင့္ပါတယ္ ။

2. ပံုသဏၭာန္ (Shape)

သင့္အေနနဲ႔ သက္ေတာင့္သက္သာရွိဖုိ႔အျပင္ ဦးေခါင္းနဲ႔လိုက္ဖက္ဖုိ႔လည္းလိုပါေသးတယ္ ။ ကုိယ့္ဦးေခါင္းရဲ႕ပံုသဏၭာန္ေပၚမူတည္ၿပီး Full face ေရြးမလား ၊ open face ေရြးမလား
အပုလား အရွည္လား စသည္ျဖင့္ လိုက္ဖက္တဲ့ ဦးထုပ္တစ္လံုးကိုေရြးခ်ယ္သင့္ပါတယ္ ။

3. ဖြဲ႕စည္းတည္ေဆာက္ပံု (Structure)

ဦးထုပ္တစ္လံုးရဲ႕ဖြဲ႕စည္းတည္ေဆာက္ပံုဆိုတာကေတာ့ ေလ၀င္ေလထြက္စနစ္၊ႏွစ္ထပ္မွန္၊spoiler စသည့္စနစ္မ်ားပါ၀င္ျခင္း၊ မပါ၀င္ျခင္းတုိ႔ကိုဆုိလုိတာပါ ။ ဥပမာ - သင္က ဆုိင္ကယ္စီးၿပီး ခရီးရွည္သြားေလ့ရွိသူဆိုရင္ သင့္ဦးထုပ္မွာ ေလ၀င္ေလထြက္စနစ္ပါ၀င္ဖုိ႔လိုအပ္ၿပီး ဒါမွလည္း အခ်ိန္ၾကတာနဲ႔အမွ်ေခါင္းေခၽြးထြက္ျခင္း၊ပူအုိက္ၿပီးမူေ၀ျခင္းတို႔ကိုကာကြယ္ႏုိင္မွာပါ ။ ေနာက္ၿပီး သင္ဟာမ်က္မွန္သမားျဖစ္ၿပီး Full Face ဦးထုပ္ေဆာင္းခ်င္တယ္ဆိုရင္ မ်က္မွန္တပ္ဖို႔အတြက္ space လိုအပ္မွာျဖစ္ၿပီး ႏွစ္ထပ္မွန္ေတြနဲ႔အဆင္ေျပမွာမဟုတ္ပါဘူး ။

4. အရည္အေသြး အသိအမွတ္ျပဳလက္မွတ္

ဆုိင္ကယ္စီးရင္ ဦးထုပ္ေဆာင္းရတဲ့ အဓိကရည္ရြယ္ခ်က္က ေဘးအႏၱရာယ္ကာကြယ္အေရးအတြက္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ေဆာင္းမယ့္ဦးထုပ္က ဘယ္ေလာက္ထိအၾကမ္းခံၿပီး ဘယ္ေလာက္ထိ ကိုယ့္ကိုကာကြယ္ေပးႏုိင္မလဲဆုိတာ သိဖုိ႔လိုပါတယ္။ ဒီလိုသိဖုိ႔ဆုိရင္ေတာ့ ဒီဦးထုပ္ေတြရဲ႕ ႏုိင္ငံတကာ ဒါမွမဟုတ္ ျပည္တြင္းအသိအမွတ္ျပဳလက္မွတ္ေတြ ကိုၾကည့္ၿပီးဆံုးျဖတ္ႏုိင္ပါတယ္ ။ ဒါမွလည္း ကုိယ့္ကုိ ကာကြယ္ေပးမယ့္ဦးထုပ္တစ္လံုးကို အေကာင္းဆံုးေရြးခ်ယ္၀ယ္ယူႏုိင္မွာျဖစ္ပါတယ္ ။

ဒီေလာက္ဆုိ ကုိယ္နဲ႔လိုက္ဖက္မယ့္ ဆုိင္ကယ္စီးဦးထုပ္တစ္လံုးဝယ္ဖုိ႔ စဥ္းစားဆံုးျဖတ္ႏုိင္မယ့္အခ်က္အလက္ေတြသိေလာက္ၿပီလို႔ထင္ပါတယ္ ။ သင္ဟာ ဆုိင္ကယ္ခေရဇီတစ္ေယာက္ ဒါမွမဟုတ္ ဆုိင္ကယ္ဦးထုပ္ေတြကိုအေလးေပးၿပီး အသံုးျပဳေနသူတစ္ေယာက္ဆုိရင္ေတာ့ ယခုုလို ဗဟုသုတရဖြယ္အေၾကာင္းအရာေတြကို ဆက္လက္ဖတ္ရႈ႕ဖုိ႔ Gliders ကို like လုပ္ထားလိုက္ပါ ။


Tags

/body>