German RSS

Cute, German -

ကျွန်တော်တို့ Gliders မှ Sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆိုင်ကယ်စီးဦးထုပ်တစ်လုံးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲ ဆိုတာပဲဖြစ်ပါတယ် ။မိမိစီးနေတဲ့ ဆိုင်ကယ်တွေနဲ့ လိုက်ဖက်တဲ့ ဆိုင်ကယ်ဦးထုပ်တွေကို ရှာဖွေဝယ်ယူရတာကလွယ်ကူပါတယ် ။ဥပမာ -DT တို့လို Dirt Bike တွေအတွက် ဦးထုပ်ဆို full face ကိုမှ လျှာထိုးလေးနဲ့ ခပ်ရှည်ရှည်ပုံစံလေးဆိုလိုက်ဖက်ပြီ။R1 တို့ CBR တို့လို SportBike တွေအတွက်ဆိုလည်း ဘဲဥပုံ full face ၊ လေခွင်းအားကောင်းမယ့် Aerodynamic structure တည်ဆောက်ထားတဲ့ ဦးထုပ်တွေကအကောင်းဆုံးပါပဲ ။Harley တို့ Royal Enfield တို့လို Cruiser နဲ့ Chopper တွေအတွက်ဆိုရင်တော့ WWII စတိုင်လ်ဦးထုပ်တွေက အလိုက်ဖက်ဆုံးဖြစ်ပါတယ် ။ကိုယ့်ဆိုင်ကယ်နဲ့လိုက်ဖက်တဲ့ ဦးထုပ်ကိုရှာရတာလွယ်လွယ်လေးဆိုတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဦးထုပ်ဘယ်လိုရွေးမလဲ ?ဒီနေရာမှာ ပြောစရာ (4) ချက်ရှိပါတယ် …1. အရွယ်အစား (Size)ဆိုင်ကယ်ဦးထုပ်ဆိုတာ ကိုယ်ဆိုင်ကယ်စီးတိုင်း ဆောင်းထားရမယ့်ဦးထုပ်ပါ ။ ဒီလိုုဆိုတော့ သက်တောင့်သက်သာရှိနေဖို့လိုတာပေါ့ ၊ ဒါ့ကြောင့် ဦးထုပ်ဝယ်တဲ့အချိန်မှာ ကိုယ့်ရဲ့ဦးခေါင်းနဲ့ အလိုက်ဖက်ဆုံး၊ သက်တောင့်သက်သာအရှိဆုံး ဦးထုပ်ကိုရွေးချယ်ဝယ်ယူသင့်ပါတယ် ။2. ပုံသဏ္ဌာန် (Shape)သင့်အနေနဲ့ သက်တောင့်သက်သာရှိဖို့အပြင် ဦးခေါင်းနဲ့လိုက်ဖက်ဖို့လည်းလိုပါသေးတယ် ။ ကိုယ့်ဦးခေါင်းရဲ့ပုံသဏ္ဌာန်ပေါ်မူတည်ပြီး Full face ရွေးမလား ၊ open face ရွေးမလား အပုလား အရှည်လား စသည်ဖြင့် လိုက်ဖက်တဲ့ ဦးထုပ်တစ်လုံးကိုရွေးချယ်သင့်ပါတယ် ။3. ဖွဲ့စည်းတည်ဆောက်ပုံ (Structure)ဦးထုပ်တစ်လုံးရဲ့ဖွဲ့စည်းတည်ဆောက်ပုံဆိုတာကတော့ လေဝင်လေထွက်စနစ်၊နှစ်ထပ်မှန်၊spoiler စသည့်စနစ်များပါဝင်ခြင်း၊ မပါဝင်ခြင်းတို့ကိုဆိုလိုတာပါ...

Read more

Tags
/body>